။ ကြေကွဲခြင်း ဇာတ်ထုပ် ။

။ ကံမကုန်သရွေ့ဘယ်သူ့ကိုမှတစ်ယောက်နဲ့တစ်ယောက်မေ့မသွားကြပါဘူး။ ။ ကံကုန်သွားကြတော့တစ်ယောက်နဲ့တစ်ယောက်သူမေ့ကိုယ်မေ့ပါပဲ။ ။ ကံမကုန်ခင်အကုန်အကျများခဲ့ကြတဲ့သံယောဇဉ်တွေသမုဒယကံအကြောင်းတွေအပ်ကြောင်းထပ်ခဲ့ကြပေါ့။ ။ ခုတော့မေ့နေကြမုန်းနေကြရှုံးနေကြရုန်းနေကြရွာလည်နေကြပုန်းနေကြပေါ့။ ။ အခုတော့ကံအကွဲကံအမွဲကံအလွဲသောကပရိဒေဝဒုက္ခဒေါမနဿဥပါယာသတွေနဲ့ပဲကြေကွဲနေရ ပြန်ပြီပေါ့။ တောမှီရဟန်း(၂၈.၄.၂၀၂၂) ရက်နေ့နံနက်။)